Myanmar Coder Guide

Course Outline from w3school.com

Friday, November 27, 2020

Before Coding

ဒါကတော့ ကျွန်တော် ရေးနေတဲ့ ပုံစံကို ပြောပြတာပါ။ ဒါထက်ကောင်းတဲ့နည်းလမ်းတွေ သိရင်လည်း ကိုယ်စိတ်ကြိုက်ရေးသားနိုင်ပါတယ်။


ဘာတွေလိုအပ် သလဲ ?

  1. Code Editor : Code Editor တစ်ခုခုလိုအပ်ပါတယ်။ ကျွန်တော်ကတော့ Visual Studio ssသုံးပါတယ်။
  2. index.html ဆိုတဲ့ ဖိုင်လေးလိုပါတယ်။ ဒီဖိုင်လေးကတော့ ကျွန်တော်တို့ Blog မှာ မတင်ခင်မှာ ကျွန်တော်တို့ရဲ့ ပိုစ့်တွေကို Coding လုပ်ပြီး ဒီဇိုင်းတွေ ပြင်နိုင်ဖို့ဖြစ်ပါတယ်။
  3. နောက်တစ်ခုကတော့ Internet ရှိဖို့လိုပါတယ်။ Coding ရေးနေစဉ်အတွင်းမှာလည်း Internet လိုအပ်ပါတယ်။ အကယ်လို့ Internet အခက်အခဲရှိတဲ့ နေရာကဆိုရင်လည်း လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ကျွန်တော့ Personal Account မှာ ဖြစ်ဖြစ် Writer Grop မှာဖြစ်ဖြစ် လာမေးလို့ရပါတယ်။

ဟုတ်ပါပြီ။ ဆို‌တော့ Code Editor အကြောင်းကိုတော့ မပြောတော့ပါ။

index.html ထဲက ကုဒ်လေးတွေကို ဘယ်လိုယူရမလဲ မပြောခင်မှာ Project Folder တွေ ဘယ်လိုထားမလဲ ဆိုတာလေး နဲနဲပြောပြပါတယ်။ Newbies တွေအတွက်ပေါ့နော်။

ကျွန်တော်လုပ်တဲ့ ပုံစံကတော့ ကိုယ်သုံးနေကြ Document Folder ထဲမှာ Mian Folder အနေနဲ့ Myanmar Coder Guide ဆိုပြီး Folder တစ်ခုဆောက်လိုက်တယ်။ Myanmar Coder Guide က ရှည်တယ်ထင်ရင် MM Coder Guide , MCG စသည်ဖြင့် ကိုယ် မှတ်မိတဲ့ပုံစံအတိုင်းပေးနိုင်ပါတယ်။

အဲဒီ Myanmar Coder Guide အောက်မှာမှ Tutorial Category တစ်ခုချင်းစီအလိုက် Folder ထပ်ဖွင့်ပါတယ်။ ဥပမာ - JS_Tutorials စသည်ဖြင့်ပါ။

အဲဒီ အောက်မှာမှ Tutorial Name နဲ့ html ဖိုင်တွေ ထားပါတယ်။ HTML file တွေကို Name ပေးတဲ့အခါ 001_ နဲ့စပြီး ပေးတယ်။ ကိုယ်ရေးတာလေး အစဉ်လိုက် ဖြစ်နေစေချင်လို့ပါ။ ဥပမာ -
001_JS Home.html
002_JS Intro.html - စသည်ဖြင့်ပါ။


အပေါ်က ပြောခဲ့တဲ့ index.html လေးကိုတော့ Main Folder ဖြစ်တဲ့ Myanamr Coder Guide ဆိုတဲ့အောက်မှာဘဲ ဖိုင်တစ်ခုဖွင့်လိုက်တယ်။

ဟုတ်ပါပြီ။ index.html ထဲကကုဒ်တွေက ဘယ်ကယူရမလဲ ? ဆိုရင် main index.html code ဒီလင့်ကနေကိုသွားပြီး ကုဒ်အားလုံးကို Copy ယူပြီး index.html ထဲမှာ Past လုပ်လိုက်ပါ။

ဘာကြောင့် ဒီ index.html လေးကို သုံးဖို့လိုတာလည်း ဆိုတော့။ ကျွန်တော်တို့ Online Blog မှာ မတင်ခင်မှာ ကိုယ့် Post တွေကို ဒီဇိုင်းလုပ်နိုင်ဖို့ အတွက် Main Website နဲ့ အနည်းငယ်တူအောင် ပြုလုပ်ပေးထားတဲ့ ဖိုင်လေး ဖြစ်လို့ပါ။

အဲဒီဖိုင်ထဲမှာ Main Website ကြီးမှာ သုံးထားတဲ့ CSS Code တစ်ချို့နဲ့ Link ချိတ်ပေးထားပါတယ်။ ဒါကြောင့် Coding ရေးတဲ့အချိန်မှာ Internet လိုပါတယ်လို ပြောခဲ့တာ ဖြစ်ပါတယ်။

Internet အခက်အခဲရှိတဲ့ နေရာမျိုးမှာဆိုရင်တော့ Update CSS ကို Copy လုပ်ပြီး Local တင် Link ချိတ်ပြီး အသုံးပြုနိုင်ပါတယ်။


အခက်အခဲတစ်စုံတစ်ရာရှိတယ် ဆိုရင် Comment မှာ ရေးပြီး ပြောပြခဲ့ပါ။

No comments:

Post a Comment