JavaScript Syntax ဆိုတာကတော့ JavaScript ကို ဘယ်လိုရေးရမယ်ဆိုတဲ့ စည်းကမ်းတွေဘဲဖြစ်ပါတယ်။
JavaScript Value
JavaScript Syntex မှာ Value နှစ်မျိုးရှိပါတယ်။ အဲဒါတွေကတော့ -
- Fixed Value
- Variable Value
- တို့ဘဲ ဖြစ်ပါတယ်။
Fixed Value တွေကို Literal လို့ခေါ်ပါတယ်။
Varialbe Value တွေကိုတော့ Variables လိုခေါ်ပါတယ်။
JavaScript Literal
Fixed Value ဆိုတာကတော့ တန်ဖိုးပြောင်းလဲလို့ မရတဲ့ Value ကြေညာခြင်းတွေဘဲ ဖြစ်ပါတယ်။
Fixed Value ရဲ့ အရေးအကြီးဆုံး စည်းကမ်း နှစ်ခုရှိပါတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. Numbers : ကိန်းဂဏန်းတွေ တွေရေးတဲ့အခါမှာ ဒသမကိန်းပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒီအတိုင်းရေးနိုင်ပါတယ်။
Example Code : JS Literal
10.51004
2. Strings : Strings ဆိုတာကတော့ စာသားတွေကို ဆိုလိုပါတယ်။ စာသားတွေရဲ့အခါမှာတော့ Double Quote (") or Single Quote (') အတွင်းမှာ ထည့်ပြီးရေးရပါတယ်။
Example Code : JS Literal
"Zayar Aung""JavaScript Leaning"
JavaScript Variable
Programing Language တွေတိုင်းမှာ Variable ဆိုတာရှိပါတယ်။ Variable ဆိုတာကတော့ Data Value တွေသိမ်းဆည်းဖို့အတွက် အသုံးပြုရတာပါ။
Variable တွေရဲ့ Value ဟာ ပြောင်းလဲနိုင်တဲ့အရာတွေဘဲ ဖြစ်ပါတယ်။
Variable တွေရေးတဲ့အခါမှာ အဆင့်နှစ်ခုရှိပါတယ်။ အဲဒါကတော့ Variable ကြေညာတာနဲ့ Variable တန်ဖိုးသတ်မှတ်တာဘဲ ဖြစ်ပါတယ်။ နှစ်ဆင့်လုံးကို တစ်ပြိုင်ထည်းလုပ်ရင်လည်း လုပ်နိုင်ပါတယ်။
Variable ကြေညာတဲ့အခါမှာ var keyword ကိုအသုံးပြုရပါတယ်။
တန်ဖိုး သတ်မှတ်ဲ့အခါမှာတော့ Equal Sign ( = ) ကိုအသုံးပြုရပါတယ်။
Example Code : JS Variable
var x; //Declear Varialbex = 10; //Assign Valuevar x = 10; //Declear and Assign Variable
JavaScript Operator
JavaScript တွေမှာ တွက်ချက်မှုတွေ ပြုလုပ်ဖို့အတွက် Arithmetic Operator (+ - * /) များကို အသုံးပြုပါတယ်။
JavaScript မှာ တန်ဖိုးတွေသတ်မှတ်ဖို့အတွက်တော့ Assigment Operator ( = ) ကို အသုံးပြုပါတယ်။
JavaScript Expressions
Values တွေ၊ Variable တွေ၊ Operator တွေပါဝင်ပြီး တွက်ချက်အဖြေထုပ်နိုင်တဲ့ ကုဒ်အစုကိုတော့ Expressions လိုခေါ်ပါတယ်။
ဒါကို တွက်ချက်ဖြေရှင်းခြင်းကို တော့ Evaluation လို့ခေါ်ပါတယ်။
အောက်က ဥပမာအားဖြင့်, 5 * 10 Evalute to 50 ပေါ့ဗျာ။
Example Code
5 * 10
Expression ထဲမှာ Variable တွေလည်း ပါဝင်နိုင်ပါတယ်။
Number နှင့် String Data များလည်း ပါဝင်နိုင်ပါတယ်။
Example Code
x * 10;"Zayar" + " " + "Aung";
JavaScript Keyword
Keyword တွေဟာ ဆိုရင် ဘာလုပ်ရမယ်ဆိုတာကို သတ်မှတ်ပေးတဲ့အရာတွေဖြစ်ပါတယ်။
var Keyword ဟာ Variable ဖန်တီးဖို့ Browser ကိုပြောတာဖြစ်ပါတယ်။
No comments:
Post a Comment