Myanmar Coder Guide

Course Outline from w3school.com

Tuesday, December 1, 2020

HTML Paragraphs

HTML မှာစာပိုဒ်တစ်ပိုဒ်ကိုရေးရင် မျဥ်းအသစ်ပေါ်မှာ အမြဲတမ်းစတင်လေ့ရှိတယ်။ဘာလို့လဲဆိုတော့ P Element က Block Level Element ထဲက တစ်ခုဖြစ်လို့ပါ။

HTML Paragraphs

HTML မှာ စာပိုဒ်တွေကိုရေးမယ််ဆိုရင်
ဆိုတဲ့ Element ကိုအသုံးပြုရပါတယ်။

စာပိုဒ်တစ်ပိုဒ်ဟာ မျဥ်းအသစ်ပေါ်မှာပဲ အမြဲစတင်လေ့ရှိတယ်။နောက်ပြီး စာပိုဒ်တွေကိုဖော်ပြတဲ့နေရာမှာ Browsers တွေက စာပိုဒ်ရဲ့အစနဲ့အဆုံးမှာ အဖြူရောင်နေရာလွတ်(Margin)တွေကို အလိုအလျောက် ထည့်သွင်းပေးလေ့ရှိတယ်။

Example

This is a paragraph.

This is another paragraph.

Try it Yourself !

HTML Display

HTML က Browsers တွေမှာ ဘယ်လိုဖော်ပြမယ်ဆိုတာကို ကျွန်တော်တို့က သေချာမသိနိုင်ဖူး။ ဥပမာ-

အရွယ်အစားကြီးတဲ့ Screen နဲ့ သေးငယ်တဲ့ Screen မှာ HTML Document တွေကိုဖော်ပြပုံခြင်းမတူပါဘူး။

ကျွန်တော်တို့ဟာ မျဥ်းအပိုတွေ နေရာလွတ်တွေကို ကျွန်တော်တို့ရဲ့ Code တွေထဲမှာထည့်ပြီး ရေးလိုက်ရင် Browser ကနေပြီးတော့ အဲ့နေရာလွတ်တွေ
မျဥ်းအပိုတွေကို အလိုအလျောက် ဖျက်ပစ်လိုက်ပါတယ်။

Example

This paragraph
contains a lot of lines
in the source code,
but the browser
ignores it.

This paragraph
contains    a lot of spaces
in the source    code,
but the    browser
ignores it.

Try it Yourself !

HTML Horizontal Rules

ဆိုတဲ့ Tag ကို အလျားလိုက်မျဥ်း ဆွဲတဲ့အခါ ဒါမှမဟုတ် HTML Page တွေမှာ အကြောင်းအရာ တစ်ခုနဲ့တစ်ခု ခွဲခြားပြီးပြတဲ့အခါမှာ အသုံးပြုတယ်။

Example

This is heading 1

This is a paragraph.

This is heading 2

This is another paragraph.

Try it Yourself !

Tag ဟာ Empty Tag တစ်ခုဖြစ်ပါတယ်။ ပြောချင်တာက သူ့မှာ တခြား Tag တွေလိုမျိုး အပိတ် Tag မရှိပါဘူး။

HTML Line Breaks

Tag ကို မျဥ်းအသစ်ကိုဆင်းလိုတဲ့ အခါမှာ အသုံးပြုပါတယ်။
ဥပမာ-စာပိုဒ်တစ်ပိုဒ်ကို ရေးနေရင်းနဲ့ အောက်ကို မျဥ်းအသစ်ဆင်းချင်တယ်ဆိုရင်
ကိုအသုံးပြုလို့ရပါတယ်။

Example

This is
a pargaraph
with line breaks.

Try it Yourself !

Tag ဟာ Empty Tag တစ်ခုဖြစ်ပါတယ်။ ပြောချင်တာက သူ့မှာ တခြား Tag တွေလိုမျိုး အပိတ် Tag မရှိပါဘူး။

The Poem Problem

ကျွန်တော်တို့ဟာ Website တွေရေးရင်း ကဗျာတွေရေးဖို့ပါလာတယ်ဆိုပါစို့။ ကဗျာတွေကို တစ်ကြောင်းချင်းစီ ပြစေချင်လို့ ကိုယ်က Enter ခေါက်ပီးနောက်တစ်ကြောင်းဆင်းထားတယ်။ ဒါပေမယ့် Browser က auto ဖျက်ပစ်တယ်။ အဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ။အောက်မှာ ဆက်ရှင်းပြထားပါတယ်။

Example

My Bonnie lies over the ocean.

My Bonnie lies over the sea.

My Bonnie lies over the ocean.

Oh, bring back my Bonnie to me.

Try it Yourself !

Solution - The HTML
Element

ကို ကျွန်တော်တို့ ထည့်လိုက်တဲ့ Spaces တွေ Line Break တွေကို Browser က ဖျက်မပစ်ဘဲ အရှိအတိုင်းအလုပ်လုပ် စေချင်ရင် အသုံးပြုပါတယ်။
အောက်က ဥပမာလေးနဲ့ဆိုရင် နားလည်သွားပါလိမ့်မယ်။

Example

My Bonnie lies over the ocean.

My Bonnie lies over the sea.

My Bonnie lies over the ocean.

Oh, bring back my Bonnie to me.

Try it Yourself !

No comments:

Post a Comment