Myanmar Coder Guide

Course Outline from w3school.com

Saturday, November 28, 2020

Quick Start Guide

ပိုစ့်တွေ စရေးတော့မယ် ဆိုရင် အဓိကနေနဲ့ သိရမယ့် အပိုင်း ၄ ပိုင်းခွဲလိုက်ပါတယ်။ ဒီလို ခွဲလိုက်တာက ကျွန်တော့ကို လာမေးတဲ့အခါမှာဘဲ ဖြစ်ဖြစ်၊ Documentation ဖတ်တဲ့အချိန်မှာဘဲ ဖြစ်ဖြစ် ကိုယ်က ဘယ်အပိုင်းကို ရှင်းရှင်းလင်း မသိတာလည်းဆိုတာကို သိစေဖို့ဖြစ်ပါတယ်။

  1. Blogger Account ဖွင့်တဲ့အပိုင်း
  2. ဒီ Blog ကို ဘယ်လိုရေးနေကြသလဲ ဆိုတဲ့အပိုင်း
  3. Coding ရေးတဲ့အပိုင်း
  4. Blogger အသုံးပြုနည်းအပိုင်း


1. Blogger Account ဖွင့်ခြင်း

ဒီအပိုင်းကတော့ Blogger သုံးဖူးပြီးတဲ့ လူတွေဆိုရင်တော့ ကျွန်တော်ဘာမှ ပြောစရာမလိုပါဘူး။ Blogger မသုံးဖူးတဲ့သူတွေ အတွက်ပါ။

Stap တွေက ရှင်းပါတယ်။ Form ဖြည့်ခဲ့စဉ်က E-mail ကို ကျွန်တော်တို့ Blog က Invitation Mail တစ်စောင် ပို့မယ်။ အဲဒီမေးကို လက်ခံပြီးတော့ အကောင့် အသစ်ဖွင့်မယ်။ ဒါပါဘဲ။

ပြုလုပ်နည်း အဆင့်ဆင့်ကို Access To Blogger Invitation မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။


2. ဒီ Blog ကို ဘယ်လိုရေးနေကြသလဲ

ဒီအပိုင်းမှာ‌တော့ နောက်ထပ် အကြောင်းအရာ နှစ်ခုကွဲသွားမယ်။

  • ဒီဆိုက်မှာ Category တွေ ဘယ်လိုခွဲထားတယ်။ ကိုယ့် ပိုစ့်ကို ဘယ် Category ထဲမှာ ထည့်ရမလဲ။ Category ထဲထည့်တဲ့အခါ ဘယ် Label တွေကို ရွေးချယ်ရမလဲ ဆိုတာကို သိဖို့ဖြစ်ပါတယ်။
  • နောက်တစ်ခုကတော့ ဒီ Blog မှာ သင်ခန်းစာတွေကို ဘယ်လို ခွဲဝေယူပြီး ရေးသားနေကြသလဲ ဆိုတာကို သိဖို့ ဖြစ်ပါတယ်။

ဒီအပိုင်းနဲ့ သက်ဆိုင်တဲ့ ပိုစ်တွေကတော့ အောက်ကအတိုင်းပါ။

  1. SiteMap and Category
  2. Course Outline Guide
  3. Knowledge Post Guides


3. Coding ရေးတဲ့အပိုင်း

ဒီအပိုင်းမှာ‌တော့ အဓိကက ကျွန်တော်တို့ Blog မှာ သင်ခန်းစာတွေ အတွက် ရေးထားတဲ့ CSS Code တွေကို နားလည်ပြီး အသုံးပြုတတ်ဖို့ပါ။

Article CSS လေးကို ဖတ်ကြည့်လိုက်ရင်တော့ တော်တော်များများ နားလည်နိုင်ပါလိမ့်မယ်။ လူသစ်လေးတွေ အနေနဲ့ Libary တွေ ဖတ်တတ်တဲ့ အကျင့်ကိုလည်း ရသွားမှာပေါ့‌ဗျာ။ ဘယ်လောက်မှ အများပါဘူး။ CSS အကြောင်းရေ ၂၀၀ လောက်ဘဲ ရှိတာပါ။ အကြောင်း ၂၀၀ ဆိုတာ တော်တော်နည်း ပါတယ်။ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

ဒီအပိုင်းနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေကတော့ အောက်ပါအတိုင်းပါ။

  1. Using CodePen
  2. Before Coding
  3. Start Coding
  4. Example Code
  5. Custom Post Feed
  6. Featured Photo

Blogger အသုံးပြုနည်းများ

ဒီအပိုင်းကတော့ Blogger အသုံးပြုနည်း အားလုံးကို ရေးထားတာတော့ မဟုတ်ပါဘူး။ ကျွန်တော့တို့ Blog မှာ အသုံးပြုနိုင်ရုံအတွက်သာ ရေးထားတာဖြစ်ပါတယ်။

ဒီအပိုင်းနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေကတော့ အောက်ပါအတိုင်းပါ။

  1. Post to Blogger
  2. Upload Image to Blogger

Documentation ပိုစ့်တွေ အားလုံးကတော့ စိတ်တိုင်းကျ မပြီးသေးပါဘူး။ ပြင်ရဦးမှာတွေ ရှိသလို လုံးဝမရေးရသေးတဲ့ ပိုစ့်တွေလည်း ရှိသေးတယ်အတွက် နားလည်ပေးကြပါ။ လာမေးပေးကြပါလို့.......


ဒီလောက်ပါဘဲ။ ရေးထားတာတွေနဲ့ ပတ်သက်ပြီး မရှင်းလင်းတာရှိရင် Comment မှာ ဆွေးနွေးခဲ့နိုင်ပါတယ်။

No comments:

Post a Comment