Myanmar Coder Guide

Course Outline from w3school.com

Monday, November 30, 2020

Upload Photo to Blogger

ဒီပိုစ့်မှာတော့ Post တွေအတွက် Image တွေ ဘယ်လိုထည့်ရမယ်ဆိုတဲ့ နည်းတစ်ခုကို ပြောပြမှာဖြစ်ပါတယ်။

Blogspot တွေမှာ Image ထည့်ဖို့အတွက် <img src="photo_path"> Tag ကိုဘဲ အသုံးပြုပါတယ်။ ဒါကိုတော့ Writer တိုင်း သိပြီးသားဖြစ်မှာပါ။

အဓိကပြောချင်တဲ့ အပိုင်းက Photo Path ကို အလွယ်ကူဆုံး ရယူခြင်းနှင့် Hight Resolution ရယူနိုင်ဖို့ အလွယ်ကူဆုံးနည်းကို ပြောပြပေးမှာပါ။

Step - 1 : အရင်ဆုံး Blogger Login လုပ်လိုက်ပါ။ ပြီးရင် ကိုယ်တင်မယ့် Post အတွက် New Post ကိုနှိပ်လိုက်ပါ။

Step - 2 : ပြီးတဲ့အခါ Inset Image > Upload for Your Computer ကိုရွေးပေးပါ။

Step - 3 : ပြီးတဲ့အခါ Chose File ကိုနှိပ်ပြီး ကိုတင်လို့တဲ့ ပုံကို ရွေးပြီး Upload လုပ်လိုက်ပါ။ တစ်ပုံထဲတင်နိုင်သလို၊ ပုံများစွာလည်း တင်နိုင်ပါတယ်။ လိုအပ်သလို တင်လိုက်ပါ။

Step - 4 : ပြီးသွားတဲ့အခါ ဒီ Step မှာ Photo Path ယူလိုတဲ့ ပုံကို Right Click နှိပ်ပြီး Copy Image Address (or) Coppy Image Location (Firefox) ကိုနှိပ်လိုက်ပါ။ ပြီးရင် Browse အပိုင်းကို ဒီနေရာမှာ ခဏရပ်ထားလိုက်ပါ။ Select လည်း မလုပ်ပါနဲ့ Cancle လည်း မလုပ်ပါနဲ့။ ပိတ်လည်း မပိတ်ပစ်ပါနဲ့။ ဒါကအရေးကြီးပါတယ်။ မှားပြီးလုပ်မိရင်ဘယ်လို ဖြစ်တတ်တယ်။ ဘယ်လို ပြန်လုပ်ရမယ်ဆိုတာလည်း အောက်မှာ ပြောပြပေးပါမယ်။

ပြီးသွာရင် ကျွန်တော်တို့ ပုံထားချင်တဲ့ <img> Tag src=" " Attribute ထဲမှာ Paste လုပ်လိုက်ပါ။
လက်ရှိအတိုင်း Result ကိုကြည့်လိုက်မယ်ဆိုရင် ပုံက ဝါးနေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကို ကြည်သွားအောင် ဘယ်လိုလုပ်မလဲ။

Step - 5 : ကျွန်တော်တို့ရဲ့ Image Link ရဲ့ နောက်ဆုံးအပိုင်းမှာ h နဲ့စတဲ့ နံပတ်တစ်ချို့ကိုတွေ့ပါလိမ့်မယ်။ အဲဒီနံပတ်ရဲ့နောက်မှာ 0 (သုံည) တစ်လုံးထပ်ထည့်လိုက်ပါ။
ဥပမာ - မူရင်း = /h120/... ကို /h1200/.. လို့ပြင်လိုက်တာပါ။ 0 (သုံည) တစ်လုံးဘဲထည့်ရမှာနော်။ ကျန်တာတွေ သွားပြင်မိရင် Link မှားတာတွေ ဖြစ်နိုင်ပါတယ်။

ပြီးသွားတဲ့အခါမှာတော့ သင့်ရဲ့ Photo မှာ ကြည်တောက်ရှင်း HD ဖြစ်သွားပါပြီ။

ခုချိန်မှာ ပုံတွေ ထပ်တင်ချင်တယ်ဆိုလည်း Chose File ကိုနှိပ်ပြီး ထပ်ထည့်နိုင်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ Cancle ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ။

ပြီးရင် တော့ ကိုယ့်ပိုစ့် Coding တွေရေးပြီးပြီဆိုရင်တော့ Post Title တွေရေး၊ Label တွေရွေးပြီး Publish လုပ်လိုက်ပါ။ Coding က မပြီးသေးဘူး ဆက်ရေးရဦးမယ် ဆိုရင်တော့ Publish မလုပ်ဘဲ Back နဲ့ ထွက်လိုက်ပါ။ ဒါပါဘဲ။


မှားခဲ့လျှင်

ကျွန်တော် Step - 4 မှာ Select လည်းမလုပ်နဲ့ Cancle လည်းမလုပ်နဲ့၊ ပိတ်လည်း မပိတ်ပစ်ပါနဲ့ လို့ သတိပေးထားတာက အောက်က အနီနဲ့ ဘောင်ခပ်ပေးထားတဲ့ Box ကြီးကို မပိတ်စေချင်လို့ပါ။ အဲဒီကောင် ပိတ်သွားပြီဆိုရင် Link ယူဖို့အတွက် က နဲနဲပိုရှုပ်ထွေးသွားပြီး၊ အဆင့်တွေ ပိုများသွားလို့ပါ။

တကယ်လို့ ပိတ်ခဲ့မိပြီးသွားတယ် ဆိုရင်တော့ Step -2 အတိုင်း Inset Image > Upload for Your Computer > Chose File ပုံပြန်‌ရွေး။ Link Copy ယူ တာက အလွယ်ဆုံးနည်းပါဘဲ။

တကယ်လုပ်ကြည့်လိုက်ရင် အဲလောက်မခက်ခဲပါဘူး။ စာတွေဖတ်နေရလို့ ရှုပ်နေတာပါ။

Github မှာ ပုံတွေတင်ပြီး အဲဒီက Link ကို ယူမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါကတော့ Blog ထဲတင် ပုံတင်ပြီး Link ယူတဲ့ နည်းတစ်ခုကို‌ ပြောပြတာ ဖြစ်ပါတယ်။


အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။ အဆင်မပြေတာရှိရင် အောက်က Comment မှာ ဆွေးနွေးခဲ့ပါ။

No comments:

Post a Comment