Myanmar Coder Guide

Course Outline from w3school.com

Saturday, November 21, 2020

JS Home

JavaScript Tutorial

  • JavaScript ဟာ အလွန်အသုံးများတဲ့ Programing Language တစ်ခုဖြစ်လာပါပြီ။ ယခင်က JavaScript ကို Font-end မှာဘဲ အသုံးပြုခဲ့ကြပေးမယ့် ယခုအခါ Server Side မှာရော Desktop Application များအတွက်ပါ အသုံးပြုနိုင်လာပြီ ဖြစ်ပါတယ်။
  • JavaScript ဟာ Web Programing Language တွေထဲက တစ်ခုဖြစ်ပါတယ်။
  • ဒီအပိုင်းမှာတော့ JavaScript ရဲ့ Font-end အပိုင်းများကိုသာ အဓိကထားလေ့လာသွားမှာဖြစ်ပါတယ်။
  • JavaScript ဟာ လွယ်ကူစွာလေ့လာနိုင်တဲ့ Language တစ်ခုပါ။
  • ဒီ Tutorial မှာ JavaScript ကို Basic မှ Advance Level အထိ လေ့လာနိုင်မှာဖြစ်ပါတယ်။
Start Learning JavaScript Now !

JavaScript ကို ဘာကြောင့် လေ့လာရတာလဲ (Why?)

JavaScript ဟာ Web Developer တိုင်းလေ့လာရမယ့် Language သုံးခုထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Weg Develper ဖြစ်လိုသူတိုင်း မဖြစ်မနေ လေ့လာရမယ့် အရာဖြစ်ပါတယ်။

  • HTML က Webpage ရဲ့ ‌ဒေတာအချက်အလက်တွေပြသဖို့ အသုံးပြုပါတယ်။
  • CSS ကိုတော့ Webpage ကို အလှဆင်ဖို့အတွက် အသုံးပြုပါတယ်။
  • JavaScript ကတော့ Webpage Interactive ဖြစ်ဖို့အသုံးပြုရပါတယ်။

ဒီ Tutorial တွေလေ့လာရာမှာ အကျိုးရှိစေဖို့

Example Code များ

Example များထဲမှ Try it Yourself! ကို နှိပ်ပြီး Example Code များကို သင်ကိုင်တိုင် ပြင်ဆင်ရေးသား လေ့ကျင့်နိုင်ပါတယ်။

ဒါတွေကို လေ့ကျင့်ဖြစ်အောင် လေ့ကျင့်ပေးပါ။ "Example are better than 1000 words" လို့ဆိုပါတယ်။

ထက်မြက်တဲ့ Programmer တစ်ယောက်ဖြစ်လာဖို့ တစ်ခုထည်းသော နည်းလမ်းကတော့ Pratice. Pratice. Pratice. Code. Code. Code. ပါဘဲ။

Example

My First JavaScript

Try it Yourself !

1 comment: