Myanmar Coder Guide

Course Outline from w3school.com

Sunday, November 29, 2020

Course Outline Guide

Course Outline ရေးသားသူများဟာ အဖွဲ့လိုက်ဆွေး‌နွေးဆုံးဖြတ်ထားတဲ့ Course Outline များအတိုင်း ရေးသားကြရမှာ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ w3school.com က Outline ကို 100% ယူပြီး ရေးသားနေကြပါတယ်။

ဘယ်သူတွေ အတွက်သင့်တော်သလဲ ?

  • Webdesign ကို စတင်လေ့လာနေသူတွေအတွက် ပိုမိုသင့်တော် တယ်လို့ထင်ပါတယ်။
    ဘာကြောင့်လဲ ဆိုတော့ စတင်လေ့လာသူများ အတွက် Knowledge Sharing လို့ ပိုစ့်မျိုတွေ ဖန်တီးဖို့က အတွေ့အကြုံမရှိသေးပါဘူး။ ဒီတော့ Outline ရှိပြီးသား စာတွေကိုလေ့လာရင် Coding Skill ကို လေ့ကျင့်ရင်း ရေးသားလို့ ရနိုင်မှာ ဖြစ်ပါတယ်။
  • Content Writhing လေ့ကျင်နေသူများ
    Course Outline တွေအား သူများနားလည်အောင် ရှင်းပြရတာ ဖြစ်တဲ့အတွက် အရေးအသား ပြေပြစ်ဖို့ အရေးကြီးပါတယ်။ ဒီတော့ ဒီအပိုင်းကို လေ့ကျင့်နေသူများဟာလည်း အကြောင်းအရာ ထွေထွေထူးထူး စဉ်းစားစရာ မလိုတဲ့ Outline ရှိပြီးသားကိုရေးသားရင်း အရေးအသား တိုးတက်အောင် လေ့ကျင့်သင့်ပါတယ်။
  • Font-end ပိုင်းအတွက် လေ့ကျင့်နေသူများ
    မြန်မာစာနဲ့ ရေးသားထားတဲ့ Website တစ်ခုရဲ့ UI အတွက် ပုဒ်ဖြတ်၊ ပုဒ်ရပ်တွေဟာ အရမ်းအရေးကြီးပါတယ်။ နောက်ပိုင်းမှာ မြန်မာစာကို ပုဒ်ဖြတ်၊ပုဒ်ရပ် မှန်အောင်ရေးတဲ့သူတွေလည်း နည်းပါးနေပါတယ်။ Course Outline ကိုရေးသားရင်း လှပအောင် စာစီနည်းများ၊ ပုဒ်ဖြတ်၊ပုဒ်ရပ် များကို လေ့ကျင့်နိုင်ပါတယ်။
  • HTML, CSS အတွက်လေ့ကျင့်လိုသူများ
    html မှာ <div>Hello World! </div> လို့ရေးတာနဲ့ <p>Hello World! </p> လို့ရေးတာဟာ Result အတူတူဘဲ ထွက်ပါတယ်။ ပုံစံကျတဲ့၊ မှန်ကန်တဲ့ HTML Document တစ်ခုဖြစ်ဖို့အတွက် ဆိုရင် ဒီလိုပုံစံတူတွေကို ဘယ်နေရာမှာ ဘာကိုသုံးရမယ်ဆိုတာ လေ့လာရင်း ရေးသားနိုင်ကြမှာ ဖြစ်ပါတယ်။

Content Outline တွေရေးသားဖို့ ဘာတွေလိုအပ်ပါသလဲ ?

  • HTML, CSS သုံးတတ်ရပါမယ်။
  • English Reading Skill နဲနဲရှိရပါမယ်။
  • မြန်မာစာ အရေးအသား အနည်းငယ်ကျွမ်းကျင်ရပါမယ်။
  • ဒီလောက်ဆို ရပါပြီ။

အားလုံး Skill Full ဖြစ်နေဖို့မလိုပါဘူး။ ဒီ Website ကလည်း Free လည်ပတ်နေတဲ့ Website တစ်ခုဖြစ်လို့ Quality မမှီဘူးတို့၊ အရေးအသား ညံတယ်တို့ ပြောမယ်သူ ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးကြိုးစားပြီးရေးကြည့်ပါ။ စာတစ်ကြောင်းရေးပြီးတိုင်း Browser မှာဖွင့်ထားတဲ့ Html ဖိုင်ကိုကြည့်ပြီး ပြန်ဖတ်ကြည့်ပါ။ အရေးအသား တိုးတက်စေဖို့ အမြဲစဉ်းစားပြီး ရေးသားပါ။

နောက်တစ်ခုကတော့ မြန်မာစာ ပုဒ်ဖြတ်၊ ပုဒ်ရပ်လေးတွေမှန်အောင် ကြိုးစားပါ။ စာကြောင်းဆုံးရင် နှစ်ချောင်းပိုဒ်ချတဲ့ အလေ့အကျင့်လေးတွေကို လေ့ကျင့်ပါ။

ဒီလိုဆိုရင် ဒီဆိုဒ်မှာ ရေးနေသူတွေအတွက်လည်း အကျိုးရှိမယ်။ ဖတ်ရတဲ့သူတွေ အတွက်လည်း အကျိုးရှိပါလိမ့်မယ်။


Content တွေဘယ်လို ခွဲဝေယူပြီး ရေးသားနေသလဲ ?

အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Content တွေအားလုံးက w3school.com ကို အပြည့်အဝမှီခိုထားပါတယ်။

ဘယ်ဘက်ဘေးက Menu ထဲမှာ Course List (Google.doc) ဆိုတဲ့ လင့်လေးရှိပါတယ်။ အဲဒိလင့်ကို ဝင်လိုက်ရင် Course Name နဲ့ Url ကိုစုစည်းပေးထားတဲ့ List တစ်ခုကို တွေ့ရပါလိမ့်မယ်။ (Myanmar Coder Guide Writer ဖြစ်ပြီးသူများသာ ဝင်ကြည့်လို့ရမှာပါ။) အဲဒိထဲမှာ မှ Author Name မှာ နာမည် ဖြည်ပြီးသားတွေက ရေးနေဆဲ (သို့) ရေးပြီးသွားတဲ့ ပိုစ့်တွေ အဖြစ်သိနိုင်ပါတယ်။ အဲဒီတော့ Author Name လွတ်နေတဲ့ Post တစ်ခုမှာ ကိုယ့် Name ကိုထည့်ပြီး စရေးရုံပါဘဲ။

ပိုစ်တွေကို အစဉ်အတိုင်း ရေးရမယ်လို့ မသတ်မှတ်ထားဘူး။ ကိုယ့်စိတ်ကြိုက် ခေါင်စီးကို ရွေးချယ်ရေးသားနိုင်ပါတယ်။

ကိုယ်ရေးသားမယ့် Post Title နောက် Author Name အကွတ်မှာ ကိုယ့် Facebook Name ကိုထည့်ပြီးမှသာ ပိုစ့် စတင်ရေးသားကြပါ။ ရေးတဲ့သူတွေ ထပ်နေမှာ စိုးလို့ပါ။

ပြီးရင် သူနောက်က Static အကွက်မှာ စရေးနေရင် Writing ၊ ရေးပြီးသွားပြီ Blogger မှာ ပိုစ်တင်ပြီးသွားပြီ ဆိုရင် Finish လို ရေးထည့်ခဲ့ပေးပါ။

အောက်က ပုံမှာ မြင်သာအောင် ကြည့်နိုင်ပါတယ်။

No comments:

Post a Comment