Myanmar Coder Guide

Course Outline from w3school.com

Friday, November 27, 2020

SiteMap and Category

ဒီအပိုင်းကတော့ Myanmar Coder Guide (MCG) က Writer တွေအတွက် Posts Categorys ခွဲထားပုံနှင့် ကိုယ့် Post ကို ဘယ် Label ထဲထည့်မယ်ဆိုတာ ဆုံးဖြတ်နိုင်စေဖို့ဘဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီ Website မှာ အဓိကအပိုင်း (၄) ခုရှိပါတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Tutorial Outline : ဒီအပိုင်းမှာတော့ သင်ခန်းစာအပြည့်အစုံကို အဖွဲက ဆုံးဖြတ်ထားတဲ့ Outline တွေအတိုင်း ရေးသားကြရမှာ ဖြစ်ပါတယ်။ Tutorial Outline Guide မှာ အပြည့်အစုံထပ်ဖတ်ပေးပါ။
  • Hot To : ဒီအပိုင်းမှာတော့ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သင်ခန်းစာတွေပါ။ ဥပမာ - How to make Mega Menu with CSS Only, How to make Responsive Menu with Bootstrap ဆိုတာမျိုးတွေပါ။
  • Technology : ဒီအပိုင်းမှာတော့ Programing နဲ့ပတ်သတ်တဲ့ သတင်းတွေ။ WebServer အကြောင်းတွေ။ E-mail Server အကြောင်းတွေ။ Security နဲ့ပတ်သက်တဲ့ နည်းပညာတွေ။ အသုံးများတဲ့ Tools တွေရဲ့ နည်းပညာပိုင်းတွေ ကိုရေးသားရမှာပါ။
  • Knowledge Article : ဒီအပိုင်းကတော့ လုံးဝ Freedome ဖြစ်ပါတယ်။ Programing နဲ့ သက်ဆိုင်တဲ့ ဘယ်လို Post မျိုးကိုမဆိုရေးသားနိုင်ပါတယ်။

Label ခွဲခြင်း

Course Outline ရေးသားသူများနှင့် How to Section အတွက် ရေးသားသူများက Label အသစ်တွေ မဖန်တီးကြပါနဲ့။ ရှိပြီးသား Label ထဲကဘဲ ရွေးချယ်ပေးကြပါ။

Knowledge Sharing လုပ်သူများကတော့ ကိုယ့်ပိုစ့်နဲ့ ကိုက်ညီတဲ့ Label အသစ်များဖြင့် ရေးသားနိုင်ပါတယ်။

Tutorial Outline များအတွက် Label ပေးခြင်း

Tutorials Outline များအတွက် Label ပေးတဲ့အခါမှာ Lunguage Course ဆိုပြီး ပေးပါတယ်။ ဒီအတွက် Label တွေက အဆင်သင့်ရှိပြီးသားတွေ ဖြစ်မှာပါ။ ကိုယ်က ရွေး‌ပေးလိုက်ယုံပါဘဲ။

ဥပမာ -

  • HTML Course
  • CSS Course
  • JavaScript Course
  • စသည်ဖြင့်....

How to အတွက် Label ပေးခြင်း

ဒီအပိုင်းမှာတော့ Lunguage HowTo ဆိုပြီးပေးရပါမယ်။ ကိုယ့် သင်ခန်းစာက ဘယ် Programing Language အတွက် အဓိကလည်း ဆိုတာ ကိုယ်ဘာကို ဆံုးဖြတ်ပြီး ရွေးခြယ်ပါ။ ကိုယ့် Language နဲ့ HowTo Label ရှိပြီးသားဆိုရင် အသစ်မပေးပါနှင့် ရှိပြီးသားကိုဘဲ ရွေးခြယ်ပေးပါ။

ဥပမာ -

  • HTML HowTo
  • CSS HowTo
  • JavaScript HowTo
  • စသည်ဖြင့်....

ဒါက Label ရွေးတဲ့အပိုင်းပါ။ Post Title ကိုတော့ How to နဲ့စပြီး ကိုယ့်စိတ်ကြိုက်ပေးနိုင်ပါတယ်။

How To ထဲက နောက်ထပ် အပိုင်းကြီး တစ်ပိုင်းကတော့ How to Fix ပါ။ How to Fix အပိုင်မှာဆိုရင် ပြဿနာတစ်ခုကို ဘယ်လို ဖြေရှင်းတယ်ဆိုတာတွေ ရေးချင်တဲ့အခါ How to Fix Label ကိုရွေးပေးပါ။ ဒါကလည်း How to နဲ့အတူတူပါဘဲ။ Lunguage HowToFix ဆိုတဲ့ Label ကိုရွေးခြယ်ပေးပါ။ Language ကတော့ ကိုယ် သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ Language ကိုရွေးပေးပါ။

Post Title ကိုတော့ How to Fix နဲ့စပြီး ကိုယ်စိတ်ကြိုက်ပေးနိုင်ပါတယ်။

ဥပမာ -

  • HTML HowToFix
  • CSS HowToFix
  • JavaScript HowToFix
  • စသည်ဖြင့်....

Technology နှင့် Knowledge များအတွက် Label ပေးခြင်း

Technology နှင့် Knowledge ပိုင်းတွေကတော့ Freedome ဖြစ်ပါတယ်။

ဒီအပိုင်းက အကြောင်းအရာတွေကို ရေးသားတဲ့အခါ Label နှစ်ခုအနည်းဆုံး တတ်ပေးပါ။ ပထမတစ်ခုကိုကိုတော့ Knowledge (or) Technology ထဲက တစ်ခုခုကို ရွေးချယ်‌ပေးပါ။ နောက်တစ်ခုကိုတော့ ကိုယ်နဲ့ သက်ဆိုင်မယ်ထင်တဲ့ ကိုယ်ရာ Label ရွေးချယ်ပေးပါ။ နှစ်ခုထက် ပိုပြီးရွေးချယ်ရင်လည်း ပြဿနာမရှိပါဘူး

ဒီအပိုင်းအတွက် Label အသစ်တွေ အသစ်ဖန်တီးမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ပါတယ် ဒါပေမယ့် ဖန်တီးပြီးသွားရင် Myanmar Coder Guide Group မှာ တစ်ချက် အသိပေး ပေးပါ။ ဒါမှ Menu တွေထဲမှာ အသစ်ထပ်ထည့်နိုင်မှာ ဖြစ်ပါတယ်။

Technology နှင့် Knowledge ကို ဘာကြောင့် နှစ်ပိုင်းခွဲလိုက်တာလဲ ဆိုတာလေးကို နဲနဲလေးရှင်းပြချင်ပါတယ်။

Varsion Control System တွေအကြောင်း အကြမ်းဖျင်း ရှင်းပြတာမျိုး၊ Git မသုံးရင် ဖြစ်တတ်တဲ့ ပြဿနာတွေအကြောင်း ရေးတာမျိုး၊ Git သုံးသင့်တဲ့ အကြောင်း ရေးတာမျိုးတွေကို Knowledge လို သတ်မှတ်ပါမယ်။

အဲဒီကမှ တစ်ဆင့်တက်ပြီး Git ရဲ့ နည်းပညာအကြောင်း၊ Git ဘယ်လို အလုပ်,လုပ်တယ်ဆိုတာမျိုးကို ရေးသားတဲ့ ပိုစ့်တွေကိုတော့ Technology လို့သတ်မှတ်ပါတယ်။

နောက်တစ်ဆင့် အနေနဲ့ Git ကို ဘယ်လိုသုံးရတယ် ဆိုတာကို Detail Sharing လုပ်မယ်ဆိုရင်တော့ How to (သို့မဟုတ်) Course ထဲကို ထည့်ပါမယ်။

ဒီလောက်ဆို ကိုယ်ရေးတဲ့ အကြောင်းအရာက ဘယ် Level လောက်ရှိမယ်ဆိုတာ ဆုံဖြတ်နိုင်မယ်ထင်ပါတယ်။

Technoligy နှင့် Knowledge အပိုင်းက Label တွေက တင်းတင်းကျပ်ကျပ်ကြီး မဟုတ်ပါဘူး။ ကိုယ့် ပိုစ့်က ဘယ် Level လဲဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ပါ။

How to အနေနဲ့ Mini Series ရေးမယ်ဆိုရင် လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါတယ်။ တင်းတင်းကျပ်ကျပ် မရှိပါဘူး။

Course အနေနဲ့ ရေးချင်တယ်ဆိုရင်တော့ Myanmar Coder Guide မှာ အရင်ဆုံး ဆွေး‌နွေးပြီးမှ သာရေးသားပေးကြပါ။

သင်တန်းကြော်ညာ ပိုစ်တွေ ရေးခွင့်မပေးပါဘူး။

ဒါပေမယ့် Knowledge or Technology အကြောင်းကို သေသေခြာခြာလေးရေးတယ်။ ပြီးသွားမှ သင်တန်းကြော်ညာကို အောက်ဆုံးမှာ စာကြောင်း လေး၊ ငါး ကြောင်းလောက်ရေးမယ်ဆိုရင်တော့ ခွင့်ပြုပါတယ်။

1 comment: