Myanmar Coder Guide

Course Outline from w3school.com

Tuesday, April 20, 2021

JS Comment

Comment ဆိုတာကတော့ ကိုယ်က Programing Language တွေကို ပြန်ဖတ်တဲ့အခါမှာ (သို့မဟုတ်) အခြားသူများဖတ်သည် အခါမှာ လွယ်ကူရှင်းလင်းစွာ သိနိုင်စေဖို့ အတွက် အသုံးပြုရတာဖြစ်ပါတယ်။

Comment များကို Program Run တဲ့အခါမျိုးမှာ ထည့်သွင်းအလုပ်မလုပ်ပါဘူး။

ဒါကြောင့် တစ်ချို့သော အလုပ်မလုပ်စေလိုတဲ့ Code များကိုလဲ Comment များအဖြစ် ရေးသားနိုင်ပါတယ်။


Single Line Comment

Single Line Comment ကို // ဖြင့် စတင်ရေးသားရပါတယ်။

ထို // နှင့်စသော စာကြောင်းအဆုံး အထိကို JavaScript က ကျော်သွားပါတယ်။ (ဆိုလိုတာက Program Run တဲ့အခါမှာ အလုပ်မလုပ်ပါဘူး)

အောက်က ဥပမာကတော့ Single Line Comment အတွက် ဖြစ်ပါတယ်။

Example Code

  1. //Change heading:
  2. document.getElementById("MyH").innerHTML = "My First Page";
  3. //Change Paragraph:
  4. document.getElementById("MyH").innerHTML = "My First Paragraph";
Try it Yourself!

အောက်က ဥပမာကတော့ Coding များရဲ့ နောက်မှာ Comment ရေးသားထားပုံဖြစ်ပါတယ်။ အဲဒီလိုလည်း အသုံးပြုနိုင်ပါတယ်။

Example Code

  1. var x = 5 ;        //Declear x, value is 5
  2. var y = x +2;      //Decler y, value is x + 2
Try It Yourself!

Multi Line Comment

Multi-line Comment များကို /* နှင့် စတင်ရပြီး */ ဖြင့် အဆုံးသတ်ပေးရပါတယ်။

/* နှင့် */ ကြားက မည့်သည့်စာသားမဆိုကို JavaScript က ကျော်ခွသွားပါတယ်။

Multi-line Comment ကို Comment Block လိုလဲ ခေါ်ဆိုနိုင်ပါတယ်။

အောက်က ဥပမာကတော့ Multi-line Comment အတွက် ဖြစ်ပါတယ်။ လေ့လာကြည့်ပါ။

Example Code

  1. /*
  2. The code below will change
  3. the heading with id = "myH"
  4. and the paragraph with id = "myP"
  5. in my web page:
  6. */
  7. document.getElementById("myH").innterHTML = "My First Page";
  8. document.getElementById("myP").innerHTML = "My First Paragraph";
Try It Yourself!

Single Line Comment ကို အများဆုံး အသုံပြုကြပါတယ်။

ထူးခြား များပြားတဲ့ စာများအတွက်သာ Multi-line Comment ကို အသုံပြုကြပါတယ်။

မိတ်ဆွေတို့ အဆင်ပြေရာကို အသုံးပြုနိုင်ပါတယ်။


Using Comment to Prebent Execution

အထက်မှာ ပြောခဲ့သလို Coding များစမ်းသတ်ရာတွင် အလုပ်မလုပ်စေလိုသော Code များအတွက်လည်း Comment ကို အသုံးပြုနိုင်သေးသည်။

Code တစ်ကြောင်းတည်းကို အလုပ်မလုပ်စေလိုပါက Single Line Comment ( // ) ကိုအသုံးပြုနိုင်သည်။

Code များစမ်းသတ်ရာတွင် အလုပ်မလုပ်စေလို၊ ဖျက်လည်း မဖျက်ပစ်လိုသော Code များကို အလုပ်မလုပ်စေရန်တွက် Comment များအဖြစ်ပြောင်းလဲ လိုက်ပြီး စမ်းသပ်နိုင်မှာဖြစ်ပါတယ်။

အောက်ပါ ဥပမာမှာ // ဖြင့် Code တစ်ကြောင်းကို ရပ်နားစေလိုက်ခြင်းဖြစ်သည်။

Example Code

  1. //documnet.getElementById("myH").innerHTML = "My First Page" ;
  2. document.getElementById("myP").innerHTML = "My First Paragraph" ;
Try It Yourself!

အောက်က ဥပမာကတော့ Code အစုအဝေးလိုက်ကို Multi-Line Comment ဖြင့် ရပ်နားစေလိုက်ခြင်းဖြစ်ပါတယ်။ Try It Yourself ကိုနှိပ်ပြီး သေခြာ လေ့လာကြည့်ပါ။

Example Code

  1. /*
  2. document.getElementById("myH").innerHTML = "My First Page" :
  3. document.getElementById("myP").innerHTML = "My First Paragraph" :
  4. */
Try It Yourself!

ဒီသင်ခန်းစာမှာပါတဲ့ Code များကို နားမလည်သေးရင်လည်း စိတ်မပူပါနဲ့။ ဒီနေရာမှာ Comment တွေရဲ့ အကြောင်းကို နားလည်ရင် ရပါပြီ။

ဝေဖန်၊ အကြံပြု လိုသည်များ မေးခွန်းများ ရှိပါက Comment မှာ ရေးသားခဲ့ကြပါ။

No comments:

Post a Comment