CSS ဆိုတာဘာလဲ ?
CSS ဆိုတာ (Cascading Style Sheets) ပါ။ သူက ဘာလုပ်လို့ရလဲ ၊ ဘယ်မှာအသုံးဝင်လဲဆိုတော့ HTML Element တွေကို Style တွေနဲ့ သတ်မှတ်ဖို့ ၊ ဖော်ပြဖို့အတွက် အသုံးပြုပါတယ်။
CSS Files တွေကိုလည်း External Stylesheet အနေနဲ့လည်း သိမ်းထားနိုင်ပါတယ်။ အသုံးပြုနိုင်ပါတယ်။ CSS ကို မတူညီသော Website Layout များအတွက် Style တွေသတ်မှတ်ပြီး အသုံးပြုနိုင်ပါသေးတယ်။
ဥပမာ- demo.css / demopage.css / demopagelayout.css / demolayout1.css
ဘာကြောင့် CSS (Cascading Style Sheets) ကို အသုံးပြုသင့်ပါလဲ ?
မိမိတို့၏ Website layout တွင် ပါမည့် Design, Font, Image, Content Management အစရှိသည့် မတူညီသော Layout Screen(Mobile Phone, Tablet, Desktop) များအတွက် CSS ကို သုံးခြင်းဖြစ်ပါတယ်။
CSS ကို ဘယ်လို အသုံးပြုမလဲ ?
သိပ်ကောင်းတဲ့ မေးခွန်းပါ။ CSS ကို အသုံးပြုဖို့က နည်းလမ်း ၃ နည်းရှိပါတယ်။ လွယ်ကူပါတယ်။ ရိုးရှင်းပါတယ်။
- ပထမနည်း - Inline CSS ရေးနည်း
- ဒုတိယနည်း - External CSS ရေးနည်း
- တတိယနည်း - Internal CSS ရေးနည်း
ဘယ်လိုရေးမလဲဆိုတာကိုတော့ နောက်ပိုင်းအခန်းတွေမှာ ဆက်လက်ဖော်ပြပါမည်။ နည်း ၃ နည်းမှာ အားသာချက် ၊ အားနည်းချက်တွေကို ထပ်မံဖော်ပြပေးပါမည်။
No comments:
Post a Comment