အားလုံးဘဲ မင်္ဂလာပါ။
Myanmar Coder Guide က Programer, Web Devlopmer, Desinger တိုင်းကို MCG ရဲ့ Writer တွေဖြစ်လာဖို့ ကြိုဆိုပါတယ်။
Myanmar Coder Guide ဟာ Online ပေါ်မှာ Programing Language တွေကို အခမဲ့ လေ့လာနိုင်အောင် ပြုလုပ်ထားတဲ့ Website တစ်ခုပါ။
သင်က Sharing လုပ်ရတာ ဝါသနာပါတယ်၊ Blogging ကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ MCG Writer Group ကို ချိတ်ဆက် ဆက်သွယ်လိုက်ပါ။
မြန်မြန်ရောက်ချင်ရင် တစ်ယောက်ထဲသွားပါ။
ဝေးဝေးရောက်ချင်ရင်တော့ အဖွဲလိုက်သွားပါ။
ဘယ်သူတွေ အတွင့်သင်တော်သလဲ?
အပေါ်မျာ ပြောခဲ့သလိုဘဲ Programmer, Devloper, Designer တိုင်းကို ကျွန်တော်တို့ ကြိုဆိုပါတယ်။
အဓိက သင့်တော်တဲ့သူတွေကတော့ -
- ပညာမျှဝေရတာကို ဝါသနာပါတဲ့ သူတွေ
- Web Desing ပိုင်းကို လေ့လာနေသူတွေ
- Web Design နယ်ပယ်မှာ Profile တစ်ခုကျန်ရှိလိုသူတွေ
- Myanmar Programing နယ်ပယ်တိုးတက်မှုကို အုပ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်လိုသူတွေ
အတွက် အထူးသင့်တော်ပါတယ်။
ကျွန်တော်တို့ အဖွဲအစည်းက ပိုစ့်တွေ တင်နိုင်မှ Web Design (Front-end) ကိုပိုင်နိုင်မှ ဝင်ရောက် ကူညီပေးနိုင်မယ့် အဖွဲအစည်းမျိုးမဟုတ်ပါဘူး။
ကိုယ့်သက်ဆိုင်ရာ နယ်ပယ်နဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးနိုင်မယ်။ Data စုဆောင်းမှုတွေမှာ အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်နိုင်မယ်၊ Myanmar Programing နယ်ပယ်အတွက် တစ်ခုခုအကျိုးပြုနိုင်မယ် ဆိုရင် ဝင်ရောက်ချိတ်ဆက်နိုင်ပါပြီ။
ပညာရပ်ပိုင်းဆိုင်ရာ မျှဝေခြင်းကို ဝါသနာပါသူ၊ စိတ်ဝင်စားသူဆိုရင် ရပါပြီ။
Web Design ကိုလေ့လာသူတွေအတွက် ကတော့ Coding ပိုင်းနဲ့ပတ်သက်ပြီး အလေ့အကျင့် လုပ်ဖြစ်မယ်။ အဖွဲအစည်းတွေနဲ့ ပူပေါင်းလုပ်ဆောင်ခြင်း အတွေအကြုံတွေရလာမယ်။ ကိုယ်ရဲ့လေ့ကျင့်နေတဲ့ Coding တွေကလည်း လေ့ကျင့်ရုံသက်သက်အတွက် မဟုတ်ဘဲ အခြားလေ့လာနေသူတွေကို ပါအထောက်အကူဖြစ်မယ် ဆိုတော့ ဘယ်လောက်ကောင်းလဲဗျာ..။
နောက်ပြီးတော့ ကျွန်တော်တို့ ပိုစ့်တိုင်းမှာ Writer Name ကို Public ပြထားတဲ့အတွင် ကိုယ့် Profile ကိုလည်း တည်ဆောက်ပြီးသား ဖြစ်စေမှာပါ။
ဘယ်လို ချိတ်ဆက်ဝင်ရောက်ရမလဲ?
အရင်ဆုံး PC View မှာဆိုရင် ဘယ်ဘက် Menu ထဲက၊ Mobile View မှာဆိုရင် ညာဘက်အပေါ်ထောင့်က Menu ထဲက Document တွေကို တစ်ချက်ဖတ်ပေးပါ။
ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ MCG Writer Form ကိုတစ်ချက်ဖြည့်ပေးပါ။
ပြီးရင်တော့ ကျွန်တော့တို့ Myanmar Coder Guide Facebook Page မှာ ဖြစ်ဖြစ်၊ ကျွန်တော့ Persolan Facebook Account မှာဖြစ်ဖြစ် Messenger ကနေ MCG Writer Form ဖြည့်ထားပြီးတဲ့အကြောင်း လာရောက်ပြောပြပေးပါ။
Form ဖြည့်တဲ့အခါမှာ လွယ်စေဖို့
ပါဝင်လိုသည့် Row
Post Writer : ဒီအပိုင်းက Web Desing ပိုင်းကိုလေ့လာနေသူတွေ၊ Practic လုပ်လိုသူတွေအတွက် အထူးသင့်တော်ပါတယ်။ သူတို့က ကိုယ်ပိုင်း Content တွေဖန်တီးစရာမလိုဘဲ ဘာသာပြန်ပေးမယ်၊ Supporter တွေရဲ့ Document တွေကို လိုက်ရေးပေးမယ်ဆိုရင် ရပါပြီ။ ဘာသာပြန်ခြင်းတွေ၊ Supporter တွေရဲ့ စာတွေကြောင့် ဗဟုသုတနှင့် ပညာလည်း တိုးတက်ပါလိမ့်မယ်။
Supporter : ဒီအပိုင်းကတော့ HTML, CSS တွေ သိပ်မရေးချင်ဘူး။ ပညာရပ်ပိုင်းတွေတော့ Sharing လုပ်ချင်တယ် ဆိုတဲ့သူတွေအတွက်ပါ။ တစ်ချို့ Web နဲ့မဆိုင်တဲ့ Programmer တွေကျတော့လည်း HTML, CSS ကိုရေးဖို့ အသားမကျတာရှိနိုင်ပါတယ်။ တစ်ချို့ စီနီယာတွေကျတော့လည်း HTML, CSS ရေးဖို့ ပျင်းတာ၊ အချိန်မရှိတာဖြစ်နိုင်ပါတယ်။ အဲဒီလိုသူတွေအတွက်ပါ။
NOTIC : နှစ်ခုလုံးရွေးပေးလည်း ရပါတယ်။ လောလောဆယ်မှာ အဘက်ဘက်က အင်အားနည်းနေတာ ဖြစ်တဲ့အတွက် Post Writer Row ကိုလည်း စဉ်းစားပေးကြဖို့ တောင်းဆိုပါတယ်။
သင်တန်းများ၊ သင်တန်းဆရာများအတွက် အခွင့်အရေး
Programing Language တွေကိုလေ့လာတဲ့အခါမှာ Self study အတွက်ကို စာတွေနဲ့ချည်း လေ့လာရတာဟာ မလွယ်ကူပါဘူး။ Self-Study Skill တော်တော်ကောင်းမှသာ ဖြစ်နိုင်ပါတယ်။
ဒီ Blog က ပိုစ့်တွေကို လေ့လာရင်းနဲ့ သင်တန်းတက်ချင်လာသူတွေ ရှိလာနိုင်မှာပါ။
ဒီတော့ သင်တန်းတွေ၊ သင်တန်း ဆရာတွေ အနေနဲ့ ဒီ Blog မှာ Knowledge Sharing ပိုစ့်တွေ ဖန်တီးပါ။ ပိုစ့်ရဲ့အောက်မှာ သင်တန်းကြော်ညာခွင့် ရပါမယ်။ Free ကြော်ညာရမှာပါ။
အရေးကြီးတာက ပိုစ့်ကတော့ Knowledge Sharing Post ဖြစ်ရပါမယ်။ အဲဒီကမှ Post အောက်မှာ ဖြစ်ဖြစ် ပိုစ့်ထဲမှာဖြစ်ဖြစ် သင်တန်းကြော်ညာ ကို ထည့်နိုင်ပါတယ်။ ကြော်ညာ ပိုစ့်ကြီး၊ သင်တန်း Review ပိုစ့် ပုံစံကြီးဆိုရင်တော့ ခွင့်မပြုပါဘူး။
ဒါက သင်တန်းများရဲ့ Activity တစ်ခုအနေနဲ့လည်း ဖေါ်ပြပြီးသား ဖြစ်ပါလိမ့်မယ်။
ကိုယ်ပိုင် Post Template တွေလည်း လွတ်လွတ်လပ်လပ် ဖန်တီးဖို့ ခွင့်ပြုပါတယ်။
သင်တန်းတစ်ခုချင်းစီအတွက် Label ထားပြီးတော့လည်း သင်တန်းရဲ့ Knowledge Sharing Post တွေကို စုစည်းပေးထားပါမယ်။
လက်ရှိမှာတော့ သင်တန်းများရဲ့ Pravicy Data တွေကို ဘာမှ မေးခွန်းမထုပ်ပါဘူး။ Sharing Post တင်မယ်၊ ကြော်ညာမယ်၊ ဒါပါဘဲ။
ဒါနဲ့ပတ်သက်ပြီး မသမာမှုတွေ ပေါ်ပေါက်လာခဲ့ရင်တော့ ဒီကိစ္စကို နည်းနည်းတင်ကြပ်ပေးတာမျိုး ရှိရင်ရှိလာပါမယ်။
No comments:
Post a Comment