Myanmar Coder Guide

Course Outline from w3school.com

Sunday, December 20, 2020

HTML JavaScript

JavaScript ကတော့ Wepage တွေကို Interactive ဖြစ်လာဖို့အတွက် အသုံးပြုကြတာဖြစ်ပါတယ်။

Interactive ဆိုတာကတော့ တုန့်ပြန်မှုပေါ့နော၊ ခလုပ်လေး တစ်ခုနှိပ်လိုက်ရင် တစ်ခုခုပြပေးတာမျိုး၊ တစ်ခုခု ဖျောက်ပေးတာမျိုး၊ User ရဲ့ လုပ်ဆောင်ချက် တစ်ခုခုကြောင့် ပြောင်းလဲသွားတဲ့ပုံစံတွေကို ဆိုလိုတာပါ။


JavaScript Example

My First JavaScritp

Try if Yourself!

HTML <script> Tag

HTML <script> Tag ဟာ client-side script တွေရေးဖို့အတွက် အသုံးပြုပါတယ်။ JavaScript တို့ အတွက်ပေါ့ဗျာ။

<script> Tag ထဲမှာ Script Code တွေ တိုက်ရိုက်ရေးထည့်လို့ရသလို src attribute နဲ့လည်း ပြင်ပ Script ဖိုင်တွေနဲ့ ချိတ်ဆက်ပေးလို့ရပါတယ်။

JavaScript ကို အဓိကသုံးရတာကတော့ Image Minipulation တွေ၊ Form Validation တွေ နှင့် Content အပြောင်းအလှဲတွေ လုပ်ဖို့အတွက် အဓိက အသုံးပြုပါတယ်။

getEelementById() method ကတော့ JavaScript မှာ မကြာခဏတွေ့ရမယ့် html element ကို ဖမ်းတဲ့ (သတ်မှတ်တဲ့) code တစ်ခုပါ။

အောက်က ဥပမာမှာ id="demo" ရှိတဲ့ html element တစ်ခုအတွင်းကို "Hello JavaScript" ဆိုတဲ့ Content ကို JavaScript နဲ့ရေးပြထားပေးပါတယ်။

Try it Yourself! ကို နှိပ် ပြီးကြည့်လိုက်ပါ။ ဥပမာတစ်ခုက စကားလုံးတစ်‌ထောင်ထက်ပို အကျိုးရှိပါတယ်တဲ့။

Example Code

  1. <script>
  2.      document.getElementById("demo").innerHTML = "Hello JavaScript";
  3. </script>
Try it Yourself!

ဒီသင်ခန်းစာကတော့ JavaScript နဲ့ မိတ်ဆွေတို့ ရင်းနှီးရုံလောက်ပါဘဲ။

JavaScript အကြောင်း အပြည့်အစုံကိုတော့ ကျွန်တော်တို့ JavaSctipt Tutorial မှာ လေ့လာနိုင်ပါတယ်။


JavaSctipt နဲ့ဘာတွေလုပ်နိုင်သလဲ?

ကျွန်တော်တို့ အောက်မှာ JavaScript နဲ့ ဘာတွေလုပ်နိုင်သလဲဆိုတာကို ဥပမာလေးတွေ ပေးထားပါတယ်။ JavaScript ရဲ့ အရသာလေးကို ခံစားကြည့်ပါ။

Code တွေကို လိုက်ဖတ်တာထက် User အနေနဲ့သုံးစွဲကြည့်ပြီး ဘာတွေလုပ်နိုင်တယ်ဆိုတာကို လေ့လာကြည့်ပါ။ Code တွေကို နားမလည်သေးလို့ စိတ်မပူပါနဲ့...

JavaScript က html element ထဲက Content တွေကို ပြောင်းလဲ ပစ်နိုင်ပါတယ်။

My First JavaScript

JavaScript can change the content of an HTML element:

This is a demonstration.

Try it Yourself!

JavaScript နဲ့ Element Style တွေကို ပြောင်းလဲပစ်နိုင်ပါတယ်။

My First JavaScript

JavaScript can change the style of an HTML element.

Try it Yourself!

JavaScript နဲ့ Attribute Value တွေကို ပြောင်းလဲ ပစ်လို့ရပါတယ်။

Try it Yourself!

HTML <noscript> Tag

<noscript> Tag ကတော့ User က JavaScript ကို Desible လုပ်ထားတဲ့အခါမျိုး၊ Browser က JavaScript ကို Support မလုပ်တဲ့အခါမျိုးတွေမှာ ပြသပေးတဲ့ စာသားများအတွက် ဖြစ်ပါတယ်။

Example Code

  1. <script>
  2.      document.getElementById("demo").innerHTML = "Hello JavaScript";
  3. </script>
  4. <noscript< Sorry, Your browser don't support JavaScript! </noscript>
Try it Yourself!

Tag Description
<script> client-side script တွေ ‌ရေးသားဖို့အတွက် အသုံးပြု
<noscript> JavaScript Support မလုပ်တဲ့ Browser များမှာ ဖေါ်ပြပေးမယ့် စာသားအတွက် အသုံးပြု

No comments:

Post a Comment