CSS သင်ခန်းစာ - ၁
- CSS (Cascading Style Sheets)ဆိုတာ language တစ်ခုပါ။
- ဘယ်နေရာမှာ အသုံးပြုလဲဆိုရင် HTML Document တွေမှာ style တွေကို သတ်မှတ်ဖို့အတွက် အသုံးပြုပါတယ်။
- HTML မှာပါတဲ့ Element တွေကို ဖော်ပြဖို့အတွက် CSS ကို အသုံးပြုရပါတယ်။
- ဒီ သင်ခန်းစာမှာတော့ CSS ကို အခြေခံကနေ တတ်ကျွမ်းနားလည်သည်အထိ ပြောပြပေးသွားမှာဖြစ်ပါတယ်။
ရှေးဦးစွာ online editor တစ်ခုရှိဖို့လိုပါတယ်။ ဥပမာ- sublime text tool, VS code, Notepad++ အဲဒီ Tools တွေကို download လုပ်ပြီး မိမိစက်ထဲမှာ install လုပ်ထားဖို့ လိုပါတယ်။
ဒါဆို CSS ရေးကြည့်ကြရအောင်
CSS ကို မရေးခင်မှာ HTML document တစ်ခုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ HTML တည်ဆောက်ပုံကို မသိသေးရင်တော့ HTML Home မှာ သွားရောက်လေ့လာနိုင်ပါတယ်။
CSS Example - 1
<!Doctype HTML><html><head><style>body {backgound-color: orange;}h1 {color: black;text-align: center;}p {font-size: 16px;font-weight: bold;}</style></head><body><h1>This is Heading 1</h1><p>This is Paragraph</p></body></html>
CSS ကို ဘယ်မှာ ရေးရမလဲဆိုတော့ HTML Document မှာ head tag နှစ်ခုကြားမှာ CSS Code ရေးရမှာ ဖြစ်ပါတယ်။
body, h1, p တွေကဘာလဲ ၊ ဘယ်လိုအလုပ်လုပ်တာလဲ ၊ ဘာကြောင့်သုံးရတာလဲ ၊ ဘာကြောင့်လိုအပ်တာလဲဆိုတာကို နောက် အခန်းတွေမှာ အသေးစိတ်ရှင်းပြပေးသွားပါမယ်။
No comments:
Post a Comment