Link Bookmark ရဲ့ သဘောကတော့ Webpage တစ်ခုထဲမှာဘဲ တစ်နေရာကနေ တစ်နေရာကို ညွှန်းဆိုချင်တဲ့အခါမျိုးတွေမှာ အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။
ဥပမာအားဖြင့် မာတိကာရှိမယ်ဗျာ။ အဲဒီမှာ Chapter 1, Chapter 2, Chapter 3 စသည်ဖြင့်ရှိမယ်ပေါ့။ မာတိကာက နေပြီး Chapter 1 link ကိုနှိပ်လိုက်တာနဲ့ အဲဒိ Webpage ထဲမှာဘဲ ရှိတဲ့ Chapter 1 ရဲ့ အစကို ခုန်ပြီး ခေါ်သွားမယ်ပေါ့ဗျာ။
ဒီ သဘောတရားပါဘဲ။ ဒီတော့ အောက်က ဥပမာလေးတွေကို ကြည့်ပြီး လေ့လာလိုက်ရအောင်ဗျာ။
ဥပမာ တစ်ခုဟာ စကားလုံး တစ်ထောက်ထက် ပိုကောင်းပါတယ်.... တဲ့။
Create a Bookmark in HTML
Bookmark ဟာ Webpage အရှည်ကြီးတွေမှာ ပိုပြီးအသုံးဝင်ပါတယ်။ နောက်ပြီး Onepage Website တွေမှာလည်း အသုံးပြုလို့ပါတယ်။
Bookmark လုပ်တဲ့အခါမှာ အရင်ဆုံး ကိုယ်သတ်မှတ်ထားချင်တဲ့ Mark ကို အရင်သတ်မှတ်ရတယ်။ Chapter 1 ဆိုရင် Chapter 1 နေရာကို Mark တစ်ခုလုပ်၊ Chapter 2 ဆိုရင် Chapter 2 နေရာကို Mark တစ်ခုလုပ်ပေါ့ဗျာ။
ပြီးသွားရင်တော့ အဲဒိ Mark နေရာကို Link ကို href Attribue ထဲကို ထည့်လိုက်ရုံပါဘဲ။
How to make a Mark
HTML မှာ Mark လုပ်ဖို့အတွက် id ဆိုတဲ့ Attribute ကို သုံးပါတယ်။ id Attribute ကို ကြိုက်တဲ့ HTML Element မှာထည့်လို့ရပါတယ်။
id Attribute ရဲ့ Value ဟာ Unique ဖြစ်ရမယ်။ Unique ဖြစ်ရမယ်ဆိုတာ ထပ်လို့မရဘူးဆိုလိုတာပါ။ ဥပမာ - HTML Element တစ်ခုကို id = "c1" ပေးပြီးသွားရင် နောက် HTMl Element တစ်ခုကို c1 လို့မပေးသင့်တော့ပါဘူး။
အောက်က ဥပမာကို ကြည့်လိုက်ရအောင်ပါ။
ပထမဆုံး Mark တစ်ခု ဖန်တီးပါမယ်။
<h2 id="c4">Chapter 4 </h2>
ဒီနေရာမှာ Link ထဲမှာ Bookmark id ကိုညွှန်းတဲ့အခါမှာ Hash(#) လေးခံထားတာကို တွေ့ကြပါလိမ့်မယ်။ ဒီကောင်လေးက id ကိုရည်ညွှန်းတာပါ။
Bookmark to Another Page
အပေါ်မှာတော့ Webpage တစ်ခုထဲမှာ Bookmark လုပ်တာကို ပြောခဲ့ပြီးပါပြီး။ ဒီတော့ Page တစ်ခုကနေ နောက် Page တစ်ခုရဲ့ Bookmark ကို ဘယ်လိုယူသုံးကြလဲ။
လွယ်လွယ်ပေးပါဘဲ။ url#bookmark_id ကို href Attribute ထဲမှာထည့်လိုက်ရုံပါဘဲ။ အောက်က ဥပမာကိုကြည့်ပါ။
Example Code
<a href="html-course.html#c4" > Chapter 4 </a>
အားလုံးဘဲ အဆင်ပြေနားလည် ကြမယ်လို့ မျှော်လင့်ပါတယ်။ အဆင်မပြေတာရှိရင် Comment မှာ ဆွေးနွေးခဲ့နိုင်ပါတယ်။
No comments:
Post a Comment