Myanmar Coder Guide

Course Outline from w3school.com

Friday, December 18, 2020

HTML Lists

List ဆိုတာကတော့ တူညီတဲ့အကြောင်းအရာများကို စုစည်းပြသရန်အတွက် အသုံးများတဲ့ Element တစ်ခုဖြစ်ပါတယ်။

Liat ဟာ အသုံးများ၊ အသုံးဝင်တာကြောင့် သေသေခြာခြာလေး လေ့လာထားသင့်ပါတယ်။

Example for List

An Unordered HTML List:

• Item 1
• Item 2
• Item 3
• Item 4

An Ordered HTML List:

1. First Item
2. Second Item
3. Third Item
4. Fourth Item
Try if Yourslef!

Unorder HTML List

Unorder List တစ်ခုကို
tag နဲ့ စတင်ရပါတယ်။ ul ဆိုတာက Unorder List ရဲ့ ကို အတိုကောက်ခေါ်တာပါ။

List ထဲက အချက်အလက်တစ်ခုချင်းစီကိုတော့
tag ထဲမှာ ထည့်ရေးရပါတယ်။

ပုံမှန်အားဖြင့် Unordered List တွေရဲ့ရှေ့မှာ အမဲရောင်အလုံးလေးဖြင့် သတ်မှတ်ပေးပါတယ်။

Unorder List ဆိုတဲ့အတိုင်း List Item တွေကို အရေတွက်အားဖြင့် သတ်မှတ်တာမဟုတ်ဘဲ အမှတ်အသားတစ်ခုခု (ဥပမာ - အမဲရောင်အလုံးလေး) နဲ့ သတ်မှတ်ပေးတာဖြစ်တယ်။

Example Code: Unorder List

1.

2.
Coffee

3.
Tea

4.
Milk

5.

Try it Yourself!

Order HTML List

အရေအတွက်ကို ရေတွက်ပြီး List လုပ်ချင်တဲ့အချိန်မျိုးတွေမှာ Order List ကိုအသုံးပြုရပါတယ်။

Order List တွေကို
tag နဲ့ စတင်ပြီးတော့ ol ဆိုတာ Order List ရဲ့ အတိုကောက်ပါ။

ပြီးရင်တော့ ထုံးစံအတိုင်း အချက်အလက်တစ်ချင်းစီကို
tag ထဲမှာ ထည့်ရေးပါတယ်။

ပုံမှန်အားဖြင့် Order List တွေရဲ့ ရှေ့မှာ 1 , 2 , 3 စတဲ့နံပတ်တွေနဲ့ အမှတ်အသားလုပ်ပေးပါတယ်။

Example Code: Order List

1.

2.
Coffee

3.
Tea

4.
Milk

5.

Try it Yourself!

Description List

Description List ကတော့ နာမည်အတိုင်းပါဘဲ Main Item တစ်ခုရှိမယ်။ အဲဒီ Item ကိုရှင်းလင်းဖေါ်ပြချက် တစ်ခုရှိမယ်။ အဲဒီပုံစံနဲ့သွားပါတယ်။

Description List ကတော့ အသုံးနည်းပါတယ်။

Description List တွေကို
tag နဲ့စတင်ပြီး dl ဆိုတာက Description List ရဲ့ အတိုကောက်ပါ။

အပေါ်မှာ ပြောခဲ့သလိုဘဲ အဓိကအချက်အလက်ရှိမယ်။ အဲဒိအဓိကအချက်အလက်ကိုတော့
tag နဲ့သတ်မှတ်နိုင်ပါတယ်။ dt ဆိုတာ Discription Title ပေါ့ဗျာ။

အဲဒီ Item အတွက် ရှင်းလင်းဖေါ်ပြချက်ကိုတော့
Tag ထဲမှာရေးပါတယ်။ dd ဆိုတာကတော့ Description Data ပေါ့ဗျာ။

Example Code: Description List

1.

2.
Coffee

3.
Black hot drink

4.
Coffee

5.
White cold drink

6.

Try it Yourself!

HTML List Tag

Tag Description

Unorder List သတ်မှတ်ရန်။

Order List သတ်မှတ်ရန်။

အချက်အလက်များ သတ်မှတ်ရန်။

Description List သတ်မှတ်ရန်။

Description List ရဲ့ အချက်အလက် သတ်မှတ်ရန်။

Description List ရဲ့ အချက်အလက်ရဲ့ ရှင်းလင်းဖေါ်ပြချက် သတ်မှတ်ရန်။

HTML Tag များအားလုံးကို ကြည့်ရှုလိုပါက ‌HTML Tag Reference မှာသွားကြည့်နိုင်ပါတယ်။

မရှင်းလင်းတာ၊ မေးမြန်းလိုတာ၊ လိုအပ်တာများရှိရင် Comment မှာရေးခဲ့ပေးပါ။

No comments:

Post a Comment