Myanmar Coder Guide

Course Outline from w3school.com

Sunday, December 6, 2020

HTML Formatting

HTML မှာ စာသားတွေကို အထူးအဓိပ္ပာယ်သတ်မှတ်ဖို့အတွက် Element များစွာပါ၀◌င်ပါတယ်။

Example

This text is bold

This text is italic

this is subscript and supscript

Try it yourself!

HTML Formmatting Elements

Formatting elements တွေကို စာသားတွေရဲ့ အထူးပုံစံတွေကို ပြသဖို့အတွက် ပြုလုပ်ထားပါတယ်။

  • < b > - Bold text
  • < strong > - Important text
  • < i > - Italic text
  • < em > - Emphasized text
  • < mark > - Marked text
  • < small > - Smaller text
  • < del > - Deleted text
  • < ins > - Inserted text
  • < sub > - Subscript text
  • < sup > - Superscript text

HTML < b > and < strong > Elements

HtML မှာ < b> Element ကို စာသားတွေကို bold ဖြစ်စေဖို့အတွက် အသုံးပြုပါတယ်။

Example

< b >This text is bold< / b >

Try it yourself!

HTML < strong> Element ကစာသားတွေကို အရေးပါတဲ့အရာနဲ့သတ်မှတ်ပါတယ်။ အထဲမှာပါ ၀င်တဲ့အရာတွေကိုပုံမှန်အားဖြင့်စာလုံးမည်းနဲ့ဖော်ပြထားပါတယ်။

Example

< strong > This text is importance! < / strong

Try it yourself!

HTML < i > and < em> Elements

< i > Element ကိုတော့ စာသားတွေကို စာလုံးစောင်းနဲ့ ရေးချင်တဲ့အခါမျိုးမှာ အသုံးပြုပါတယ်။

< i > tag ကိုနည်းပညာဆိုင်ရာအသုံးအနှုန်း၊ အခြားဘာသာစကားမှစကားစုတစ်ခု၊ အတွေးတစ်ခု၊ သင်္ဘောနာမည်စသည်တို့ကို ဖော်ပြတဲ့အခါမှာ အသုံးပြုပါတယ်။

Example

< i > This text is italic< / i >

Try it yourself!

< em > Element ကိုတော့ စာသားတွေကို ပိုပြီးသိသာစေချင်တဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ အတွင်းပိုင်းရှိအကြောင်းအရာများကို စာလုံးစောင်းဖြင့်ဖော်ပြပါတယ်။

စာဖတ်သူဟာ < em > tag ဖြင့်‌ေရးထားသောစာလုံးများကုိ အလေးထားပြီး ဖတ်ရပါမယ်။

Example

< em > This text is emphasized< / em >

Try it yourself!

HTML < small > Element

HTML မှာ စာသားတွေကို ပိုပြီးသေးချင်တဲ့အခါတွေမှာ < small > Element ကိုသုံးပါတယ်။

Example

< small >This is some smaller text. < / small >

Try it yourself!

HTML < mark > Element

HTML < mark > Element ကိုတော့ စာသားတွေကို အမှတ်အသားလုပ်ချင်တဲ့အခါ (သို့) ထင်ရှားစေချင်တဲ့အခါတွေမှာ အသုံးပြုပါတယ်။

Example

< p >Do not forget to buy < mark >milk< / mark > today.< / p >

Try it yourself!

HTML < del > Element

HTML < del > Element ကိုတော့ Document တစ်ခုကနေ စာသားတွေကို ဖျက်တဲ့အခါမှာ အသုံးပြုပါတယ်။ ဖျက်လိုက်တဲ့စာသားတွေကို မျဥ◌်းဖြတ်အနေနဲ့ ဖော်ပြပါတယ်။

Example

< p >My favorite color is < del >blue< / del > red.< / p >

Try it yourself!

HTML < ins > Element

HTML < ins > Element ကိုတော့ Document တစ်ခုထဲကို စာသားတွေ အစားထိုးတဲ့အခါမှာ အသုံးပြုပါတယ်။ အစားထိုးလိုက်တဲ့စာသားတွေကို သူ့ရဲ့အောက်မှာ မျဥ◌်းတားပြီးဖော်ပြပါလိမ့်မယ်။

Example

< p >My favorite color is < del >blue< / del > < ins > red < / ins >. < / p >

Try it yourself!

HTML < sub > Element

HTML < sub > Element က စာသားတွေကို subscript text အနေနဲ့သတ်မှတ်ပါတယ်။ subscript text ဆိုတာက ပုံမှန်လိုင်းအောက်မှာ စာသားတွေကို တစ်၀◌က်ပဲဖော်ပြပြီး တစ်ခါတစ်ရံမှာ ပိုပြီးသေးတဲ့ စာလုံးပုံစံတွေနဲ့ဖော်ပြပါတယ်။ Subscript စာသားကိုဓာတုဗေဒဆိုင်ရာဖော်မြူလာများအတွက် အသုံးပြုနိုင်ပါသည်။ ဥပမာ- H2O

Example

< p >This is < sub >subscripted< / sub > text.< / p >

Try it yourself!

HTML < sup > Element

HTML < sup > Element က စာသားတွေကို superscript text အနေနဲ့သတ်မှတ်ပါတယ်။ superscript text ဆိုတာက ပုံမှန်လိုင်းအပေါ်မှာ စာသားတွေကို တစ်၀◌က်ပဲဖော်ပြပြီး တစ်ခါတစ်ရံမှာ ပိုပြီးသေးတဲ့ စာလုံးပုံစံတွေနဲ့ဖော်ပြပါတယ်။ superscript text ကို WWW ကဲ့သို့သော footnotes များအတွက် အသုံးပြုနိုင်ပါသည်။

Example

< p >This is < sup >superscripted< / sup > text.< / p >

Try it yourself!

HTML Text Formatting Elements

Tag Description
< em > စာသားတွေကို ပိုပြီးသိသာစေချင်တဲ့အခါမျိုးမှာ အသုံးပြုပါတယ်။
< i > စာသားရဲ့အစိတ်အပိုင်းတစ်ခုကို အသံ(သို့မဟုတ်)စိတ်ခံစားချက်တစ်ခုအဖြစ် သတ်မှတ်တဲ့အခါမှာ အသုံးပြုပါတယ်။
< small > စာသားတွေကို ပိုပြီးသေးချင်တဲ့အခါတွေမှာ အသုံးပြုပါတယ်။
< strong > စာသားတွေကို စာလုံးမည်းနဲ့ဖော်ပြချင်တဲ့အခါ အသုံးပြုပါတယ်။
< sub > စာသားတွေကို subscript text အနေနဲ့ အသုံးပြုပါတယ်။
< sup > စာသားတွေကို superscript text အနေနဲ့ အသုံးပြုပါတယ်။
< ins > စာသားတွေကို အစားထိုးချင်တဲ့အခါမှာ အသုံးပြုပါတယ်။
< del > စာသားတွေကို ဖျက်တဲ့အခါမှာ အသုံးပြုပါတယ်။
< mark > စာသားတွေကို အမှတ်အသားလုပ်ချင်တဲ့အခါ (သို့) ထင်ရှားစေချင်တဲ့အခါတွေမှာ အသုံးပြုပါတယ်။

No comments:

Post a Comment