Featured Photo ဆိုတာ ဘာလဲဆိုတာ အရင်စပြောကြတာပေါ့။ (မသိသေးတဲ့ သူတွေလည်း သိသွားအောင်ပါ။)
Featured Photo ဆိုတာက ကျွန်တော် URL တစ်ခုကို Facebook မှာဖြစ်ဖြစ် အခြား Social Media တစ်ခုခုမှာ ဖြစ်ဖြစ် Share တဲ့အခါမှာ ဖေါ်ပြပေးတဲ့ Photo လို့ အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။
Featured Photo က SEO နဲလည်း ဆက်နွယ်မှုရှိပါတယ်။
Featured Photo ကို Thumbnail Image လိုလည်း ခေါ်ကြပါသေးတယ်။
Featured Photo က Social Media တွေမှာ URL Share မှ အသုံးဝင်တာတော့ မဟုတ်ပါဘူး။ Blog System များမှာလည်း Thumbnail Photo နဲ့ Relative Post တွေ၊ Popular Post တွေပြပေးတာမျိုး၊ Blog Archive ပေ့တွေမှာ ပြပေးတာမျိုးတွေအတွက်လည်း အသုံးဝင်ပါတယ်။
မြင်သာစေဖို့အတွက် အောက်က Photo မှာ တစ်ချက်ကြည့်နိုင်ပါတယ်။
Blogspot Featured Photo
Blogspot တွေမှာ Post ရဲ့ ပထမဆုံး Image တွေကို Featured Photo တွေအဖြစ်သတ်မှတ်ပြီး ဖေါ်ပြပေးပါတယ်။
အကယ်လို့ Post ထဲမှာ Image တွေမပါဘူးဆိုရင်တော့ ဘာ Photo မှ မပြဘဲ Tools ပုံစံ icon တစ်ခုပြလေ့ရှိပါတယ်။ အဲဒိပုံ ကြီးကလုံးဝမလန်းပါဘူး။
ဒီတော့ ကိုယ့် Website URL တွေကို Social Media တွေပေါ်မှာ Share မယ်ဆိုရင်တော့ ကိုယ့် Post မှာ Featured Photo လေးတွေ ထည့်ပေးထားတာက ကိုယ့် Website ကို ဆွဲဆောင်နိုင်ဖို့ အတွက် ကောင်းပါတယ်။
ဒီတော့ ဒီပိုစ့်မှာတော့ Featured Image တွေဘယ်လိုထည့်ရမယ်ဆိုတာ လေ့လာကြပါမယ်။
ကျွန်တော်တို့ Blog ရဲ့ Nature အရ Blog Post ထဲကို ဝင်ကြည့်နေသူတွေကို Post ရဲ့ အပေါ်ဆုံးက Photo ကြီးတစ်ခု ပြမနေစေချင်ပါဘူး။
ဒါပေမယ့် url Share တဲ့အခါမှာတော့ ပိုစ့်ခေါင်းစီးနဲ့ Photo တစ်ခုခုကို ပြစေချင်ပါတယ်။
အဲဒီအတွက် Photo တစ်ခုလိုပါမယ်။
ကိုယ့် ပိုစ့်အတွက် ကိုယ့်စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ Author Name တွေ Author Photo တွေလည်း ထည့်ချင်ထည့်နိုင်ပါတယ်။
အောက်မှာ ကျနော် Example Code အနေနဲ့ ရေးပြထားပါတယ်။
Example Code
<body><div class="mcg-article"><img class="mcg-featured-photo" src="Photo_path">{... Your Article Code ... }</div></body>
အပေါ်ကတိုင်းပါဘဲ Photo_path ယူနည်း Image ထည့်သွင်းနည်းကို မသိသေးဘူးဆိုရင် Used Photo in Blog မှာ ဖတ်ရှုနိုင်ပါတယ်။
အရေးကြီးတဲ့ စည်းကမ်း နှစ်ချက်ရှိပါတယ်။
<div class="mcg-article">ရဲ့အောက် ကပ်ရက်မှာ Featured Image ထည့်ဖို့နဲ့<img>ရဲ့ Class ကိုmcg-featured-photoလို့ ထည့်ပေးလိုက်ဖို့ပါဘဲ။
နောက်ပိုင်း ဒီ Bolg မှာ Post တစ်ခုတင်လိုက်တာနဲ့ Facebook Page ပေါ်ကို Auto Share လုပ်မယ့် Service တွေ အသုံးပြုသွားမှာ ဖြစ်လို့ ကိုယ့် Post အတွက် Featured Photo လေးတွေထည့်ထားဖို့ လိုအပ်ပါလိမ့်မယ်။
အားလုံး ကျွန်တော်ရေးတာကို နားလည်ကြမယ်လို့ မျှောလင့်ပါတယ်။ မရှင်းလင်းတာရှိရင် အောက်က Comment မှာ ရေးခဲ့နိုင်ပါတယ်။
No comments:
Post a Comment