Myanmar Coder Guide

Course Outline from w3school.com

Friday, December 18, 2020

HTML List : Description Lists

HTML မှာ Description List ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သိပ်ပြီး အသုံးမပြုကြတာတွေ့ရတယ်။

ဒီ Unorder List ကိုဘဲ Style ထည့် Nested လုပ်ပြီး သုံးကြတာများပါတယ်။

သို့သော် လိုအပ်လာတဲ့အချိန်မျိုးမှာ လွယ်လွယ်ကူကူ သုံးလို့ရအောင် မှတ်သားထားသင့်ပါတယ်။


Description List

Description List ကတော့ နာမည်အတိုင်းပါဘဲ Main Item တစ်ခုရှိမယ်။ အဲဒီ Item ကိုရှင်းလင်းဖေါ်ပြချက် တစ်ခုရှိမယ်။ အဲဒီပုံစံနဲ့သွားပါတယ်။

Description List ကတော့ အသုံးနည်းပါတယ်။

Description List တွေကို <dl> tag နဲ့စတင်ပြီး dl ဆိုတာက Description List ရဲ့ အတိုကောက်ပါ။

အပေါ်မှာ ပြောခဲ့သလိုဘဲ အဓိကအချက်အလက်ရှိမယ်။ အဲဒိအဓိကအချက်အလက်ကိုတော့ <dt> tag နဲ့သတ်မှတ်နိုင်ပါတယ်။ dt ဆိုတာ Discription Title ပေါ့ဗျာ။

အဲဒီ Item အတွက် ရှင်းလင်းဖေါ်ပြချက်ကိုတော့ <dd> Tag ထဲမှာရေးပါတယ်။ dd ဆိုတာကတော့ Description Data ပေါ့ဗျာ။

Example Code: Description List

  1. <dl>
  2.      <dt> Coffee </dt>
  3.          <dd> Black hot drink </dd>
  4.      <dt> Coffee </dt>
  5.          <dd> White cold drink </dd>
  6. </dl>
Try it Yourself!

Course Summery

  • HTML Description List ရေးသားဖို့အတွက် <dl> Tag ကိုအသုံးပြုပါတယ်။
  • Description List Item ရေးသားဖို့အတွက် <dt> Tag ကိုအသုံးပြုပါတယ်။
  • List Item ရဲ့ Description ကိုရေးသားဖို့အတွက် <dd> Tag ကိုသုံးပါတယ်။


HTML List Tag

Tag Description
<ul> Unorder List သတ်မှတ်ရန်။
<ol> Order List သတ်မှတ်ရန်။
<li> အချက်အလက်များ သတ်မှတ်ရန်။
<dl> Description List သတ်မှတ်ရန်။
<dt> Description List ရဲ့ အချက်အလက် သတ်မှတ်ရန်။
<dd> Description List ရဲ့ အချိက်အလက်ရဲ့ ရှင်းလင်းဖေါ်ပြချက် သတ်မှတ်ရန်။

HTML Tag များအားလုံးကို ကြည့်ရှုလိုပါက ‌HTML Tag Reference မှာသွားကြည့်နိုင်ပါတယ်။

မရှင်းလင်းတာ၊ မေးမြန်းလိုတာ၊ လိုအပ်တာများရှိရင် Comment မှာရေးခဲ့ပေးပါ။

No comments:

Post a Comment